MPI ဆိုသည်မှာ တခြားတစ်ဘက်မှ message များရယူခြင်း နှင့်တခြားတစ်ဖက်သို့ message များပို့ဆောင်ခြင်းများကို ဆောင်ရွက်ပေးနိုင်တဲ့ ကြားခံဆောင်ရွက်ပေးသူ ပဲဖြစ်ပါတယ် ။ MPI ကို များသောအားဖြင့် (computer cluster)ကွန်ပျူတာ နက်ဝက် တွေနဲ့ (supercomputer) အဆင့်မြင့် ကွန်ပျူတာ တွေမှာ ရေးတဲ့ ပြိုင်တူတွက်ချက်ရေးပရိုဂရမ်(parallel program)တွေထဲမှာ အသုံးပြုပါတယ် ။ MPI ကို William Gropp နဲ့ Ewing Lusk တို့က တီထွင်ထားတာပါ။
MPI လို့ခေါ်တဲ့ ကြာခံဆောင်ရွက်ပေးသူဟာ ကွန်ပျူတာပရိုဂရမ်ဘာသာစကား(programming language) တွေကို မှီခို အားထားရတဲ့ ဆက်သွယ်ရေး နည်းပညာတစ်ခုလဲဖြစ်ပါတယ် ။ ဆိုလိုတာက parallel computer တွေကို ခိုင်းဖို့ parallel program တွေကို ရေးရာမှာ MPI ကိုပဲ သီးသန့် ရေးပြီးခိုင်းစေလို့မရပါဘူး ။ propramming language တစ်ခုခုဖြစ် ရေးသားပြီ ၊ ထို ပရိုဂရမ်ထဲမှာ မှ MPI ကို ခေါ်ယူ သုံးစွဲလို့ရတာပါ ။ အဲဒီလို ပရိုဂရမ်တွေ ရေးတဲ့နေရာမှာ programming language တော်တော်များများကို အသုံးပြုလို့ရပေမဲ့ C/C++ ကိုပဲ အသုံးပြုရေးသား ဖေါ်ပြပေးသွားမှာပါ ။ ဘာလို့ C/C++ ကို အသုံးပြုလဲဆိုတော့ C/C++ ဟာ MPI နဲ့တွဲ အသုံးပြုရာမှာ ပိုမို ကောင်းမွန်လို့ဖြစ်ပါတယ် ။
MPI ကို ပြိုင်တူတွက်ချက်ရေးကွန်ပျူတာများ(parallel computer) ကို စေခိုင်းဆောင်ရွက်စေဖို့ အသုံးပြုပါတယ် ။ MPI မှာ point-to-point communication နဲ့ collective communication နှစ်မျိုးစလုံးကို အသုံးပြုလို့ရပါတယ် ။ MPI ရဲ့ ရည်ရွယ်ချက်ကတော့ မြင့်မာတဲ့ ဆောင်ရွက်နိုင်မှု့၊ တိတိကျကျ တွက်ချက်နိုင်မှု့ နဲ့ အလွယ်တကူအသုံးပြုနိုင်မှု့တို့ပဲဖြစ်ပါတယ် ။ MPI ဟာ အဆင့်မြင့်တွက်ချက်ရေးနည်းပညာ ပိုင်းမှာ အလွန်ကောင်းမွန်တဲ့ model အဖြစ် ကျန်ရှိနေဆဲပါပဲ ။

2 comments:
အခုလို မြန်မာပြန်ပြီး အပင်ပန်းခံပညာဒါနပြုထားတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။ ပညာဒါန၏အကျိုးကို ယခုဘဝမှာလည်း ခံစားရပြီး နောင်ဘဝများမှာ လည်း ဆက်လက်ခံစားရပါစေဗျာ။
ကျေးဇူးတင်ပါတယ်
Post a Comment