Ads 468x60px

Tuesday, February 8, 2011

MPI program တစ်ပုဒ် cluster ပေါ်တွင်အလုပ်လုပ်ပုံ

serial program တစ်ပုဒ်ကို run မယ်ဆိုရင် program ထဲမှာ ပါတဲ့ instruction တွေကို အစီအစဉ်အတိုင်း တစ်ခါ ထဲ run လိုက်တာနဲ့ အဖြေထွက်ပါတယ် ။ parallel computing ရဲ့သဘောတရားအရ ပုဒ်စ္ဆာကို တစ်ခုနဲ့တစ်ခု မှီခို အားထားမှု့မရှိတဲ့ အပိုင်းတွေ ခွဲ၍ တွက်ချက်သော်လည်း parallel program တစ်ပုဒ်ကို run ရင်တော့ အဲဒီလို အစိတ်စိတ်ပိုင်းပြီးတော့ အပိုင်းလိုက် run တာမဟုတ်ပါဘူး။ ရေးထားတဲ့ program တစ်ပုဒ်ကိုပဲ process အားလုံးက တပြိုင်နက်ထဲ run ကြတာပါ ။ တစ်ပုဒ်ထဲကိုပဲ တစ်ပြိုင်ထဲအတူတူ run ပေးမဲ့ ရရှိလာတဲ့အဖြေကတော့မတူပါဘူး ။ ဆိုလိုတာက MPI ရဲ့ communicator တစ်ခုအောက်မှာ ရှိတဲ့ process တိုင်းရဲ့ ranks နံပါတ်တွေက မတူညီကြပါဘူး ။ process တွေရဲ့ rank နံပါတ်လိုက်ပြီ program တစ်ပုဒ်ကို တပြိုင်ထဲ အတူတူ run သော်လည်း ရရှိတဲ့အဖြေတွေ ကွဲပြားကြပါတယ် ။ အဲဒီလို process တိုင်းမှာ run ပြိးမှ ရရှိလာတဲ့ မတူညီတဲ့အဖြေ တွေကို MPI ရဲ့ routine တွေအကူအညီ နဲ့ ပေါင်းပြီး လိုချင်တဲ့ အဖြေတွေ ၊ ဆောင်ရွက် ချက်တွေကို ထုတ်ယူတာ ဖြစ်ပါတယ် ။ပိုမို သဘောပေါက်စေရန် parallel computing model တွေအများကြီး ရှိတဲ့အထဲမှ SPMD(single program multiple data) model နဲ့ရေးသားထားတဲ့ ရိုးရှင်းတဲ့ ပရိုဂရမ်တစ်ပုဒ် ကိုလေ့လာကြည့်ပါမယ် ။

No comments:

Post a Comment