Ads 468x60px

Saturday, February 5, 2011

MPI program တည်ဆောက်ပုံ

MPI ဟာ တခြား ကွန်ပျူတာ ဘာသာစကားများကို မှီခိုရသော program အဖြစ် သိရှိပြီးဖြစ်ပါတယ် ။ အဲဒါကြောင့် MPI အတွက်အသင့်တော်ဆုံး ဖြစ်တဲ့ C \C++ programming ကို အသုံးပြုရေးသားပါတယ် ။ အဲဒီလိုရေးသားရာမှာ C program ရဲ့ format အတိုင်းရေးသားပြီ program အတွင်းမှာ MPI ကို အသုံးပြုနိုင်ဖို့အတွက် MPI ရဲ့ header file (#include "mpi.h") ကို ကြေညာပေးခဲ့ရပါမယ် ။ ဒါမှသာ C program အတွင်း MPI ရဲ့ routine တွေကိုခေါ်ယူ အသုံးပြုရမှာ ဖြစ်ပါတယ် ။ MPI program ရဲ့ တည်ဆောက်ပုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ...

တည်ဆောက်ပုံအတိုင်း ပထမဦးစွာ MPI ရဲ့ header file နဲ့ C program ရဲ့လိုအပ်တဲ့ header file ကို ကြေညာပါမယ် ။ ပြီးနောက်လိုအပ်တဲ့ ကြေညာချက်တွေ၊ သတ်မှတ်ချက်တွေကို ရေးသားပါတယ် ။ အဲနောက်မှာတော့ program ရဲ့ serial ပိုင်းကို စတင်ရေးသားပါတယ် ။ ထို့နောက် parallel ပိုင်းအားစတင်ရေးသားရန် MPI အား စတင်တဲ့ routine အားခေါ်ယူအသုံးပြုပြီး parallel အပိုင်းအားစတင်းရေးသားပါတယ် ။ ထို့နောက် လုပ်ငန်းဆောင်တာ များနဲ့ message များ ပေးပို့လက်ခံဆောင်ရွက်ဖို့ တခြားလိုအပ်သော MPI routine များကို ခေါ်ယူအသုံးပြု ရေးသားပါတယ် ။ အဲဒီလို parallel အပိုင်းအား အပြီး ရေးသားပြိးတဲ့နောက်မှာ ကျွန်တော်တို့ စတင်ခဲ့တဲ့ MPI အား ရပ်တန့်စေရပါမယ် ။ ဒါမှသာ MPI ဟာဆက်လက်မဆောင်ရွက်တော့ပဲ ရပ်တန့်သွားမှာဖြစ်ပါတယ် ။ MPI ရဲ့ အဆုံးသတ်ခြင်းဟာ parallel ပိုင်းရဲ့အဆုံးသတ်ခြင်းလဲဖြစ်ပါတယ် ။ အဲလို MPI အားရပ်တန့် ဖို့ MPI ရဲ့ routine ကိုခေါ်ယူသုံးစွဲပြီးရပ်တန့်ရပါတယ် ။ အဲဒီနောက်မှာတော့ C program ရဲ့ကျန်ရှိနေသေးတဲ့ serial အပိုင်းအားဆက်လက်ရေးသားပြီ program ကို အဆုံးသတ်ရပါတယ် ။

အဲဒီလို MPI program တစ်ပုဒ်ရေးသားရာမှာ MPI အား စတင်ခြင်းနဲ့ အဆုံးသတ်ခြင်းကို အမြဲတမ်းထည့်သွင်းရေးသားပေးရမှာဖြစ်ပါတယ်။ ဒါမှသာ MPI အားစတင် သုံးစွဲလို့ရပြီး ၊ သုံးစွဲခြင်းကိုလဲ အဆုံးသတ်လို့ရမှာဖြစ်ပါတယ် ။ ပြောရရင်တော့ MPI ပတ်ဝန်းကျင်းနဲ့ စတင်ခြင်း နဲ့ MPI ပတ်ဝန်းကျင်းအား အဆုံးသတ်ခြင်းအား MPI Environment routines များကို ခေါ်ယူ၍ ဆောင်ရွက်ရပါတယ် ။ စတင် ပြိးတဲ့နောက် အဆုံးမသတ်ခင်ထိ MPI ရဲ့ တခြား routine များကို ခေါ်ယူ သုံးစွဲပါတယ် ။ မဖြစ်မနေ ထည့်သွင်းရေးသားရမဲ့ MPI စတင်တဲ့ routine ကတော့ MPI_Init(&argc,&argv) ဖြစ်ပြီး အဆုံးသတ်တဲ့ routine ကတော့ MPI_Finalize() ပဲဖြစ်ပါတယ် ။

ကျွန်တော် routine များရဲ့ အမျိုးအစားလိုက် routine များအကြောင်းကို ဆက်လက်ရေးသားပြီ ၊ရေးသားရင် ဥပမာ program များကို ရေးသားဖေါ်ပြသွားပါမယ် ။ 

No comments:

Post a Comment