ကျွန်တော်တို့ MPI program တစ်ပုဒ်ကို စတင်မရေးသားမှီ parallel computing ကိုလုပ်ဆောင်မဲ့ ကွန်ပျူတာ နက်ဝက် အပေါ် MPI အနေဖြင့် ဘယ်လို ခေါ်ဝေါ် သုံးစွဲ သလဲဆိုတာကို စတင်ပြောပြပါမယ် ။ ကွန်ပျူတာ နက်ဝက် အတွင်း မှာရှိတဲ့ ကွန်ပျူတာ များကို ချိတ်ဆက် ပေးနိုင်ဖို့ ချိတ်ဆက်ပေးနိုင်သူ (communicators) ကို အသုံးပြုပြီး ဘယ်ကွန်ပျူတာတွေကတော့ ဘယ်အုပ်စုထဲမှာ ပါတယ်ဆို တာကို သိအောင် အုပ်စု ဖွဲ့ (group)ပေးရပါတယ် ။ ချိတ်ဆက်ပေးသူများ အကြောင်းနဲ့ အုပ်စုဖွဲ့ခြင်းအကြောင်းကို နောက်ပိုင်းတွင် ပိုမိုပြည့်စုံအောင် ဖော်ပြပါမယ် ။
ချိတ်ဆက် ထားတဲ့ နက်ဝက် တစ်ခု လုံးကို အချင်းချင်းဆက်သွယ်ဆောင်ရွက်နိုင်ဖို့ ဆက်သွယ်ပေးသူအဖြစ် MPI_COMM_WORLD ကို အသုံးပြုပါတယ် ။ ဆက်သွယ်ပေးသူ (MPI_COMM_WORLD) ကို MPI တွေ ရဲ့ function တွေကိုခေါ်သုံးတဲ့နေရာမှာ လိုအပ်တဲ့အရာတွေတခါထဲထည့်ပေးလိုက်သလိုမျိုး argument အဖြစ် ထည့်ပေးရပါတယ် ။ နက်ဝက်အတွင်း မှာ ရှိတဲ့ CPU တိုင်းကို process လို့လဲခေါ်ပါတယ် ။ MPI_COMM_WORLD ကိုတော့ နက်ဝက်အတွင်း process အချင်းချင်းဆက်သွယ်ချိတ်ဆက်လို့ရအောင် ဆက်သွယ်ပေးသူအဖြစ်အသုံးပြုပါတယ် ။ ၎င်း ကို အသုံးပြုမှသာ နက်ဝက်အတွင်းမှာရှိတဲ့ process တိုင်းရဲ့ memory မှာ message တွေ ပေးပို့လက်ခံ နိုင်မှာဖြစ်ပါတယ် ။ အချင်းချင်း ချိတ်ဆက်ထားတဲ့ process လေးတွေရဲ့ ခေါင်းဆောင်ဆိုလဲမမှားပါဘူး ။ ပြီးတော့ MPI_COMM_WORLD ဆိုတဲ့ ဆက်သွယ်ပေးသူရဲ့အတွင်းမှာ ရှိတဲ့ process လေးတွေကိုလဲ တစ်ခုနဲ့တစ်ခု ရောထွေးပြီးမမှားရလေအောင် process လေးတွေကို တစ်ခုချင်းစီအလိုက် နံပါတ်လေး တွေနဲ့ သက်မှတ်ပေးထားပါတယ် ။ နံပါတ်ပေးရမှာ '0' က စပြီ ဆက်သွယ်ပေးသူရဲ့အတွင်းမှာရှိသလောက် process တိုင်းကိုနံပါတ်အစဉ်တိုင်းပေးပါတယ် ။ MPI ဟာ MPI_COMM_WORLD ရဲ့လက်အောက်မှာရှိတဲ့ process လေးတွေကိုတော့ rank လို့သတ်မှတ်ပါတယ် ။ rank 0 , rank 1 ... အနေဖြင့်သတ်မှတ်ပါတယ် ။ program ထဲမှာ rank တွေ ရဲ့ နံပါတ်တွေနဲ့ ထိန်းချုပ် ဆောင်ရွက်နိုင်ပါတယ် ။ ဥပမာ rank နံပါတ် 0 ဖြစ်ရင် ဟိုဟာလုပ် ၊ 1 ဖြစ်ရင် ဒီဟာလုပ်ဆိုပြီတော့ ခိုင်းစေလို့ရပါတယ် ။ ပြီးတော့ messsage တွေကို ပို့ဆောင်ရယူတဲ့ အခါ နံပါတ်တွေ ကို အသုံးပြုပြီး ယူရမဲ့နေရာ ပို့ဆောင်ရမဲ့နေရာကိုသတ်မှတ်လို့ရပါတယ် ။ တခါတလေ rank တွေကို "task ID" လို့လဲခေါ်ပြန်ပါသေးတယ် ။
ကျွန်တော်တို့ C/C++ မှာဆိုရင် header file တစ်ခုအတွင်းမှာ အလွယ်တကူ အသင့်ယူသုံးနိုင်သော function ပေါင်း များစွာရှိပါတယ် ။ ဤနည်းတူပဲ MPI မှာ လဲ သူ့ရဲ့ header file အတွင်းမှာ အသင့်ယူသုံးနိုင်သော function ပေါင်း များစွာပါရှိပါတယ် ။ အဲဒီ function တွေကို C/C++ တို့မှာလို function လို့မခေါ်ပဲ routine တွေလို့ခေါ်ပါတယ် ။ MPI မှာ အသင့်ယူသုံးနိုင်သော routine များရှိတဲ့အပြင် အဲဒီ routine တွေကို အသုံးပြုတဲ့နေရာအပေါ်မူတည်ပြီး အမျိုးအစားတွေခွဲခြားထားပါတယ် ။ အမျိုးအစားတွေကတော့
(1) Environment Management Routines
(2) Point to Point Communication Routines
(3) Collective Communication Routines
(4) Derived Data Types
(5) Group and Communicator Management Routines
(6) Virtual Topologies
တို့ပဲဖြစ်ပါတယ် ။

No comments:
Post a Comment